Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 May 2022

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ Bella Plus Plaster အား စျေးကွက်အတွင်း ရောင်းချနေခြင်းရှိ /မရှိ ကို ၂၀၂၂ခုနှစ်၊ မေလ (၄)ရက်နေ့တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြပါသည်။

06 May 2022

            ရခိုင်ပြည်နယ် သံတွဲခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ စားသောက်ဆိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍အသိပညာပေးဆွေးနွေးပွဲကို  သံတွဲခရိုင် ပြည်သူ့ ဆေးရုံကြီး အစည်းအဝေးခန်းမ၌ (၂-၅-၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ သံတွဲခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ငပလီကမ်းခြေအတွင်း မှတ်ပုံတင်ထားရှိသည့် စားသောက်ဆိုင် (၃၈)ဆိုင်မှ လုပ်ငန်းရှင်များ

06 May 2022

           ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (SPFMTA) အနေဖြင့် ရွှေဘိုပေါ်ဆန်း  G.I ရရှိ‌ရေးအတွက် ပြင်သစ်နိုင်ငံ၏ ထောက်ပံ့မှု GRET Myanmar၏ ကူညီပံ့ပိုးမှုနှင့် ဆောင်ရွက်နေသည်မှာ အားလုံးသိရှိပြီးဖြစ်သည်။

06 May 2022

             စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်တင်တင်လှ(ခရိုင်ဦးစီးမှူး)ဦးဆောင်၍ ဦးမျိုးဝင်း(မကွေးမြို့နယ်ဦးစီးမှူး) စစ်ဆေးရေး အရာရှိနှင့်ဝန်ထမ်းများသည် (၂.၅.၂၀၂၂)ရက်နေ့ (၁၆:၃၀)နာရီတွင် မကွေးမြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော မကွေးတိုင်းဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဇော်ဌေးနှင့် လုပ်ငန်းရှင်များထံသွားရောက် တွေ့ဆုံပြီး ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား ဖြန့်ဖြူးသယ်ယူပို့ဆောင်

05 May 2022

                စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှုနှင့်  စွမ်းဆောင်ရည်မည်မျှရှိသည်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိရှိနိုင်ရေးအတွက် စားသုံးသူ စွမ်းဆောင်နိုင်မှုအညွှန်းကိန်း(Consumer Empowerment Index-CEI ) စစ်တမ်းကောက်ယူရေး  စီမံချက်အား စားသုံးသူရေးရာဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ ၃၀၀၀ ခန့်ကောက်ယူမည်ဖြစ်ကြောင်း သိရှိရသည်။ 

Pages