Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Mar 2022

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်း က တောင်ငူမြို့ပေါ်ရှိ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အရောင်းဆိုင်များသို့ သွား ရောက်၍ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အတုအပများ ရောင်းချမှုမရှိစေရေးကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပါသည်။

30 Mar 2022

        စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့သည့် စစ်ဆေးရေးမှူးများမှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ စားသုံးသူဘေးအန္တရယ်ကင်းရှင်းရေး စားသုံးသူအခွင့်အရေးများ အပြည့် အဝရရှိစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည်များအား စျေးကွက်အတွင်းမှပပျောက်စေရေးတို့အတွက် လုပ်ငန်းကျွမ်းကျင်မှုရှိသော စစ်ဆေး ရေးမှူးများ မွေးထုတ်ပေးနိုင်စေရ

30 Mar 2022

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ သဲကုန်းမြို့နယ်တွင် မတ်လ ၉ ရက်နေ့၊ ပေါက်ခေါင်းမြို့နယ်တွင် မတ်လ ၁၀ ရက်နေ့၊ ရွှေတောင်မြို့နယ်တွင် မတ်လ ၂၁ ရက်နေ့၊ ပေါင်းတည်မြို့နယ်တွင် မတ်လ ၂၄ ရက်နေ့၊ ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင် မတ်လ ၂၅ ရက်နေ့တို့၌ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများဦးဆောင်သော မြို့နယ်ဈေးကွက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့များမှ ဈေးကွက်များအတွင်းရှိ ကိုဗစ် ၁၉ ကူးစက်ရောဂါကာကွယ် ကုသဆေးဝါးများ ဈေးနှုန်းမြင့်တက်မှုမရှိစေရေး၊ အရည်အ

30 Mar 2022

             စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးနှင့် စားသုံး/ ထုတ်လုံဌာနခွဲတာဝန်ခံတို့သည် မတ်လ ၃ ရက်တွင် ပြည်မြို့နယ်၊ နဝဒေးရပ်ကွက်ရှိ နီလာရိုးမစက်သုံးဆီအရောင်းဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မတ်လ (၁၇) ရက်တွင် ရတနာစက်သုံးဆီဆိုင်နှင့် မတ်လ (၁၈) ရက်တွင် Petro – K စက်သုံးဆီဆိုင်တို့သို့ လည်းကောင်း သွားရောက်၍ ရရှိထားသည့် စက်သုံးဆီခွဲတမ်းများအား သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး၊ အရည်အသွေးနှင့် အချိန်အတွယ် မှန်ကန်မှုရှိစေရေ

30 Mar 2022

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ကုန်စည်များတရားမဝင်ကုန်သွယ်ရောင်းဝယ်မှုပပျောက်စေ ရန်နှင့် နိုင်ငံတော်မှရသင့်သည့် အခွန်အခများရရှိစေရန် ရည်ရွယ်၍ ကလေး၊ ရွှေဘို၊ စစ်ကိုင်းနှင့် မုံရွာမြို့များတွင် စစ်ဆေးရေးဂိတ် (၄) ခုဖြင့် တရားမဝင်ကုန်သွယ်မှုအထူးတိုက်ဖျက်ရေးအဖွဲ့များ ဖွဲ့စည်းကာ နေ့စဉ်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Pages