သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့်အဖွဲ့သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့်အညီ ထည့်သွင်းဖော်ပြလာစေရန် ရည်ရွယ်၍ (၂၄.၃.၂၀၂၂)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို
စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ၂၈.၃.၂၀၂၂ ရက်နေ့နှင့် ၂၉.၃.၂၀၂၂ ရက်နေ့များတွင် မြစ်ကြီးနားမြို့ရှိ Similac အမှတ်တံဆိပ် (နို့စို့ကလေးအတွက်ဖော်စပ်စာ) လက်လီလက်ကား ရောင်းချဖြန့်ဖြူးလျက်ရှိသည့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်၊ ကုန်စုံဆိုင် (၁၄) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်
စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးသန်းစိုး (ဦးစီးအရာရှိ) ဦးဆောင်သော စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် မတ်လ (၁၇)ရက်နေ့ ၊နံနက်(၉း၃၀)အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်များသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံဦးရဲမြင့်ဆန်းသည် မလှိုင်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ရေစစ်ကျောင်းလမ်းရှိ မုန့်မျိုးစုံဆိုင်များသို့ (၁၈.၃.၂၀၂၂) ရက်နေ့ နံနက် (၁၀၀၀) နာရီချိန်၌ မုန့်ဆိုင်များအတွင်း ရောင်းချလျက်ရှိသော ကုန်စည်များအား ကုန်အညွှန်းအမှတ်သားဖော်ပြရမည်အချက်များ ပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
Myanmar Tradenet 2.0 စနစ်ဖြင့် ပို့ကုန်၊ သွင်းကုန် လိုင်စင်/ပါမစ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လိုက်နာရမည့် သတ်မှတ်ချက်များအား ပြင်ဆင်၍ အသိပေးထုတ်ပြန်ထားသည့် သတင်းလွှာ(၄/၂၀၂၂) အား အောက်ပါ .pdf file တွင် ဝင်ရောက်ဖတ့်နိုင်ပါသည်-