Main menu

Similac Product များဈေးကွက်အတွင်းရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ၂၈.၃.၂၀၂၂ ရက်နေ့နှင့် ၂၉.၃.၂၀၂၂ ရက်နေ့များတွင် မြစ်ကြီးနားမြို့ရှိ Similac အမှတ်တံဆိပ် (နို့စို့ကလေးအတွက်ဖော်စပ်စာ) လက်လီလက်ကား ရောင်းချဖြန့်ဖြူးလျက်ရှိသည့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်၊ ကုန်စုံဆိုင် (၁၄) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာ၏ ညွှန်ကြားချက်ဖြစ်သော Code နံပါတ်(၇)လုံးမှ (၉)လုံးတွင် ပထမဂဏန်းမှာ(၂၂-၃၇)အတွင်း၊ Code နံပါတ်တွင်ပါဝင်သော စာသားများတွင် K8၊ SH သို့မဟုတ် Z2 ပါရှိပြီး၊ သက်တမ်းကုန်ဆုံးရက်စွဲသည် (၁.၄.၂၀၂၂) ရက်နေ့ သို့မဟုတ် ဧပြီလ (၁) ရက်နေ့ စသည့်အချက်များပါဝင်သော Similac Product များ ဈေးကွက်အတွင်းရောင်းချဖြန့်ဖြူးခြင်း ရှိမရှိနှင့် ရောင်းချဖြန့်ဖြူးမှုအား စစ်ဆေးတွေ့ရှိပါက ဈေးကွက်အတွင်းမှ တစ်ခါတည်းဖယ်ရှားနိုင်ရေး ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)