သတင်းနှင့် လှုပ်ရှားမှုများ
မိမိဝယ်ယူမည့် ကုန်စည်/ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး မှန်ကန်သောသတင်း အချက်အလက်သိရှိခွင့်သည် စားသုံးသူများ၏ အခြေခံရပိုင်ခွင့် (သို့မဟုတ်) အခွင့်အရေး တစ်ရပ်ပင် ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင်ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေမှာ ဒီအချက်ကို ထည့်သွင်းဖော်ပြထားပါသည်။ စားသုံးသူများအနေနဲ့ မှန်ကန်သော သတင်းအချက်အလက်များရရှိမှသာ မိမိနှင့် သင့်လျော်မည့် ကုန်စည်/ဝန်ဆောင်မှုကို မိမိစိတ်ကြိုက်ရွေးချယ်ခွင့် ရနိုင်မည့်အပြင် ဘေးအန္တရာယ်ကင်းရှင်းစွာ၊လုံခြုံစိတ်ချစွာ သုံးစွဲခွင့်ရနိုင်မည်
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးဦးထွေးသိမ်း ဦးဆောင်၍ ဖျာပုံမြို့နယ်စစ်ဆေးရေးမှူး ဦးမင်းဇော်နှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများပူးပေါင်း၍ ဧပြီလ(၁)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ဖျာပုံမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်များအား စားသုံးသူ ကာကွယ်ရေးဥပဒေ ပုဒ်မ(၁၅) (ခ) စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအရ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပြောင်းလုပ်ငန်းအသင်း၏ ၂၀၂၂-၂၀၂၅ အလုပ်အမှုဆောင်သစ် ရွေးချယ်ခြင်းနှင့် ပြောင်းအခြောက်ခံစက်နည်းပညာဆိုင်ရာဆွေးနွေးပွဲကို မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှကြီးမှူး၍ ၂၀၂၂ခုနှစ် ဧပြီလ ၁ ရက်နေ့ နံက် (၁၀:၀၀) တွင် ဟင်္သာတ မြို့၊ Family Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်မှူးဦးဆောင်သော ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၂၈.၃.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ “ ကောင်းကင်ယံ ” သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင
စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များ အသင်းအနေဖြင့် တွေ့ကြုံနေရသည့် အခက်အခဲများဖြစ်သော စက်ဆီ၊ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ တင်သွင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်အတွင်း အတုအပပြုလုပ်ခြင်း၊ တရားမဝင်ဖြန့်ဖြူး ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ကျောက်ဖြူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအေးကျော်၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် (၁-၄-၂၀၂၂)နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျောက်ဖြူ