သတင်းနှင့် လှုပ်ရှားမှုများ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ ထားဝယ်ကမ်းရပ်၊ ပတ္တမြားလမ်းရှိ Julia မုန့်တိုက်သို့ ၂၀၂၂ခုနှစ်၊ ဧပြီလ(၅) ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် သွားရောက်၍ မုန့်တိုက်လုပ်ငန်းရှင်နှင့် မုန့်ဆိုင်ဝန်ထမ်း များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံဦးလှထွဋ်ဦးသည် ၂၀၂၂ခုနှစ်၊ ဧပြီလ(၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မြောင်းမြမြို့နယ်တောင်ဒီးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာဘုန်းကြီးကျောင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ဒေါ်အေးအေးမိုး ဦးဆောင်သော ဝန်ထမ်းများသည် (၄.၃.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကန်သာဈေးအတွင်းရှိ စားသုံးဆီဖြန့်ဖြူး ရောင်းချသူလုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာနမှ (၂၀.၁၂.၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့်အညီ ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် ဈေးကွက်အတွင်း အရည်အသွေးအာမခံချက်ရှိသည့် ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးသုံးစွဲနိုင်ရန်၊ အတုအပကင်းစင်လျော့နည်းစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်စေရန်ရည်ရွယ်၍ ဧပြီလ(၄)ရက်နေ့၊ နေ့လယ်(၁:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အင်ဂျင်ဝိုင်နှင့် စက်သုံးဆီအရောင်းဆိုင်မျာ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံး မှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်း တို့သည် (၄.၄.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် သထုံမြို့နယ်ရှိ “မင်းကြီး” မုန့်တိုက်သို့ သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။