သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ဦးစီးမှူး ဦးမျိုးဝင်း(စစ်ဆေးအရာရှိ)နှင့် မကွေးခရိုင်ရုံးမှ ဝန်ထမ်းများသည် (၇.၄.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီထိ မကွေးမြို့ လမ်းမတော်၊ ဆွမ်းလောင်းရုံ(တိုက်တန်း)ရှိ ဒေါ်ခင်ညွန့်(မုန့်မျိုးစုံရောင်းဝယ်ရေး)ဆိုင်တွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုး၊ အချိုရည်များ၊ ပေါင်မုန့်၊ကိတ်မုန့်များသည် စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/ မရှ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် တာဝန်ခံ ဦးအောင်သန်းဌေးသည် (၄.၄.၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် ပိန်းအင်းအုပ်စု၊ ဂွေးချိုကျေးရွာ (ရပ်/ကျေး)အုပ်ချုပ်ရေးမှူးအိမ်တွင် ပီလောပီနံလုပ်ငန်းရှင်(၁၀)ဦးအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အကြောင်း၊ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၂၃)ပါ တားမြစ်ချက်များအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များအကြောင်း စသည
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်ဈေး၊ ဈေးတာဝန်ခံရုံး၌ ရန်ပယ် ဈေးတွင်း/ ဈေးပြင် စားသုံးဆီရောင်းချနေသော ဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြလာရေး အသိပေးရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မတ်လ ၃၁ ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ စက်ဆီ၊ချောဆီများ လက်လီ၊ လက္ကားရောင်းချဖြန့်ဖြူးလျက်ရှိသည့် အရောင်းဆိုင်(၆) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။