Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 Apr 2022

                  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်း ဆိုင်(၁၄)ဆိုင်များအား ဟင်းဆီဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)နှင့်စပ်လျဉ်း၍ ညွှန်ကြားချက်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာဆောင်ရွက်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆွေးနွေးခဲ့ပါသည်။

08 Apr 2022

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး တို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန် ရည်ရွယ်၍ ဧပြီလ(၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး ဦးဆောင်သော ဝန်ထမ်းများအဖွ

08 Apr 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ဦးစီးမှူး ဦးမျိုးဝင်း(စစ်ဆေးအရာရှိ) နှင့်မကွေးခရိုင်ရုံးမှ  ဝန်ထမ်းများသည် (၆.၄.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီထိ မကွေးမြို့ပေါ်ရှိ မော်တော်ဆိုင်ကယ်နှင့် စပ်ဆက်ပစ္စည်းအရောင်းဆိုင်များ၊ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော စက်ဆီ/ချောဆီ အရောင်းဆိုင်များသို့ အရည်အသွေးနိမ့် စက်ဆီ/ချောဆီများ ရောင်းချဖြန့်ဖြူးမှုမရှိစေရေး အသိပေးရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

08 Apr 2022

          ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိမိတို့ခရိုင်အတွင်းရှိ စက်မှု ဇုန်များတွင် စက်မှုလုပ်ငန်းအမျိုးအစားတစ်ခုချင်းအလိုက် တစ်နှစ်အတွက် စားအုန်းဆီလိုအပ်သည့် ပမာဏစာရင်းနှင့် သုံးစွဲပြီးစားအုန်းဆီများ ပြန်လည်အသုံးချထားရှိမှုအခြေအနေတို့ကို သိရှိနိုင်ရန် အတွက် ၄.၄.၂၀၂၂ ရက်နေ့ နံနက် (၁၀:၃၀) မှ ညနေ (၄:၀၀) အချိန်ထိ စက်မှုဇုန်များသို့ သွားရောက် လေ့လာ၍ မှတ်တမ်းများကောက်ယူခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

08 Apr 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁.၄.၂၀၂၂ ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် ဒေါပုံမြို့နယ်အတွင်းရှိဆေးဆိုင်များသို့ သွားရောက်၍ ဈေးနှုန်းစုံး စမ်းကြပ်မတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages