သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဦးသန်းစိုး (ဦးစီးအရာရှိ) ဦးဆောင်သောဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ၊ မတ်လ (၇)ရက် မွန်းလွဲ (၁၀၀၀)နာရီ အချိန်တွင် သာစည်မြို့နယ်ရှိ ကျော်စံစက်သုံးဆီ စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့်ရောင်းချနေမှု အခြေအနေများ၊ စျေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွ
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး CICC Meiktila Facebook Page Messenger တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ စားသုံးသူတစ်ဦးမှ မုန့်ထုတ်ပေါ်တွင် လက်ဆောင်အပိုကွတ်ကီး(၂)ခု မပါရှိခြင်းနှင့်ပတ်သက်၍ သတင်းပေးမှုတစ်ခုအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၁၅.၃.၂၀၂၂ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် ၂၀၂၂ ခုနှစ် မတ်လ (၁၅) ရက်နေ့ ၌ ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့( World Consumer Rights Day ) အား ဂုဏ်ပြုသောအားဖြင့် “ညီညွှတ်မျှတဒီဂျစ်တယ်ငွေကြေးကဏ္ဍ (Fair Digital Finance)” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သော ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၃၀)ဦး တက်ရောက်ခဲ့ပါတယ်။ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦးမှ စားသုံးသ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်စားသုံးသူရေးရာဌာနမှဦးဆောင်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် မတ်လ (၁၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် မြို့ပေါ်ရှိမုန့်မျိုးစုံဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် (၁၂-၃-၂၀၂၂) ရက်နေ့၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ဟောပြောပွဲအား လူထုအခြေပြုဗဟိုဌာန(Community Center)မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။