သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးဒေါ်ခင်ကြည်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် တာဝန်ခံဦးအောင်ညီညီခန့်နှင့် မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးတို့သည် ၂၀၂၂ခုနှစ် ဇွန်လ ၁၇ ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Center)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ဦးစီးမှူးက (၂၆-၆-၂၀၂၂) ရက်နေ့ နေ့လည် (၁၃:၃၀)အချိန်တွင် စားအုန်းဆီတင်သွင်းဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၂)ဦးအား တွေ့ဆုံ၍ နိုင်ငံတော်အစိုးရမှ တိုင်းဒေသကြီး/ပြည်နယ် များသို့ စားအုန်းဆီများခွဲဝေဖြန့်ဖြူးပေးခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆီဈေးနှုန်းများမတက်စေရန်၊ ဆီပြတ်လပ်မှုများမရှိစေရန်၊ ဆီပြတ်လပ်ခြင်းများဖြစ်လျှင် အဓိကအားဖြင့် ဈေးနှုန်းများတက်မည်ဖြစ်သောကြောင့် ဆီပြတ်လပ်မှုမရှိစေရေး အစ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် တာဝန်ခံနှင့် ကျိုက်မရောမြို့နယ်ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင် အမက(မူလွန်)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၆.၆.၂၀၂၂ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၃.၆.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့ပေါ်ရှိကုန်စုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ /မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။