Main menu

စားအုန်းဆီတင်သွင်းဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ဦးစီးမှူးက (၂၆-၆-၂၀၂၂) ရက်နေ့ နေ့လည် (၁၃:၃၀)အချိန်တွင် စားအုန်းဆီတင်သွင်းဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၂)ဦးအား တွေ့ဆုံ၍ နိုင်ငံတော်အစိုးရမှ တိုင်းဒေသကြီး/ပြည်နယ် များသို့ စားအုန်းဆီများခွဲဝေဖြန့်ဖြူးပေးခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆီဈေးနှုန်းများမတက်စေရန်၊ ဆီပြတ်လပ်မှုများမရှိစေရန်၊ ဆီပြတ်လပ်ခြင်းများဖြစ်လျှင် အဓိကအားဖြင့် ‌ဈေးနှုန်းများတက်မည်ဖြစ်သောကြောင့် ဆီပြတ်လပ်မှုမရှိစေရေး အစိုးရမှဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မှာယူရောင်းချမည့် ဆီများကိုလည်း လုပ်ငန်းရှင်များအနေဖြင့် အစိုးရမှထုတ်ပြန်ထားသော ရည်ညွှန်းဈေးထက် ၂% အထက် ပိုမရောင်းချကြရန်နှင့် ၂၀၂၁ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သော ညွှန်ကြားချက် ၁/၂၀၂၁ “ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်” မှာ ၂၀၂၂ခုနှစ် ဇွန်လ ၂၀ရက်နေ့ (၆)လ ပြည့်မြောက်သည့်နေ့တွင် အာဏာသက်ရောက်မည်ဖြစ်သောကြောင့် ၎င်းညွှန်ကြားချက် အပိုဒ် (၄)ပါ အချက်များနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှ ညွှန်ကြားချက်အပိုဒ် (၄)ပါ အချက်များအားလိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)