ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၆.၆.၂၀၂၂ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားတွင်ပါရှိသည့် သက်တမ်းကုန်ဆုံးမည့်နေ့ရက်အား သတိပြုရောင်းချရန်၊ သက်တမ်းကုန်ဆုံးနေသည့်ကုန်စည်များအား ရောင်းချမှုမရှိစေရန်၊ စစ်ဆေးကြည့်ရှုရောင်းချပေးရန်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအရ ပြစ်မှု/ပြစ်ဒဏ်များဖြင့် အရေးယူနိုင်သည်ဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်သည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကချင်)