Main menu

စားသုံးသူကာကွယ်ရေးအသိပညာပေး  (Talk Show )ကျင်းပ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးဒေါ်ခင်ကြည်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် တာဝန်ခံဦးအောင်ညီညီခန့်နှင့် မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးတို့သည် ၂၀၂၂ခုနှစ် ဇွန်လ ၁၇ ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Center)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရပါသည်။

         အဆိုပါ Talk Showတွင်  ဒုတိယဦးစီးမှူးဒေါ်ခင်ကြည်မိတ်ဆက်ဆွေးနွေးခြင်း၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် တာဝန်ခံဦးအောင်ညီညီခန့်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ဥပဒေပြဌာန်းချက်တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဘေးအန္တရာယ်ကင်းရှင်းပြီး စားသုံးသူများ လုံခြုံစိတ်ချရမှုရ၍ ကုန်အညွှန်းအမှတ်အသား၏ အရေးပါသော အချက်အလက်တို့အား  Talk Show တွင် စားသုံးသူများအတွက် စားသုံးသူကိစ္စရပ်များ အသိပညာပေးဆွေးနွေးခြင်းများကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ၍ အသိပညာပေးစီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)