Main menu

ကလေးမြို့ရှိ  ဆန်ဆိုင်များသို့ ဆန်များဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ကလေးမြို့ စည်ပင်သာယာမြို့မဈေး အတွင်းနှင့် ပင်လုံရပ်ကွက်ရှိ ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းရှိ/မရှိ ဇူလိုင်လ ( ၂၂ )ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ စည်ပင် သာယာမြို့မဈေးရှိ ဒေါ်ဝင်းခိုင် ဆန်ဆိုင်နှင့်  ပင်လုံရပ်ကွက်ရှိ မိုးဆန်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး The Farmer Time သတင်းဌာနမှ “ဆန်ချော၊ ဆန်ကြမ်း အမျိုးအစားအားလုံး တစ်အိတ်ကို ၅၀၀၀ ကျပ်မှ ၁၀၀၀၀ကျပ်ဝန်းကျင်အထိ ဈေးမြှင့်တက်” ဟူ၍ ဖော်ပြခဲ့ကြောင်း မိမိတို့ကလေးမြို့အနေဖြင့်လည်း ဆန်ဈေးနှုန်းမြှင့်တင် စေရေးနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန်နှင့် ဆန်များကို ဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူး ရောင်းချရာတွင်လည်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်း ချခြင်းများ မပြုုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ဆန်ဈေးနှုန်းများမှာ ဧရာမင်းဆန်တစ်အိတ်လျှင် ( ၁၂၀၀၀၀ )ကျပ်နှင့် မနောသုဆန်တစ်အိတ်လျှင်    ( ၈၅၀၀၀ )ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်းနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိကြောင်း သတင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)