သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ခရိုင်ဦးစီးမှူး ဦးအောင်သိန်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ တို့သည် (၉.၃.၂၀၂၂) ရက်နေ့တွင် ပဲမျိုးစုံရောင်းဝယ်တင်ပို့ရောင်းချသူ ပွဲရုံပိုင်ရှင်များနှင့် တွေ့ဆုံ၍ အရည်အသွေးမီ ကုန်ပစ္စည်းများ ရောင်းချရေးနှင့် စားသုံးသူကာကွယ်ရေး ဉပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း (၂
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ရေဝေရပ်ကွက်၌ (၁၀.၃.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပြည်သူ (၁၀) ဦးတို့နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူများကုန်စည်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ၁၄.၃.၂၀၂၂ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန်းမားမြို့၊ မြို့မရန်အောင်ရပ်ကွက်ရှိမရွေးမုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် ဆွေးနွေးခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည် “စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်” ဟူသည့် ဦးစီးဌာန၏မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဗန်းမော်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး သည် ၁၄.၃.၂၀၂၂ ရက်နေ့တွင် ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက်ရှိ စပါး၊ ပြောင်း၊ ပဲ အခြောက်ခံစက်လုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ ခရိုင်ဦးစီးမှူးဦးဇော်မင်းဦးသည် ၁၄.၃.၂၀၂၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးတွင် စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ညွှန်ကြားချက်အမှတ်၁/၂၀၂၁အား သိရှိလိုက်နာဆောင်ရွက်ရန် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။