သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးလေးလွင်သည် မြို့နယ်စည်ပင်ဝန်ထမ်းများနှင့်အတူ အိမ်မဲမြို့၊ အထက်ပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်သို့ (၇.၃.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/မရှိ နယ်မြေဈေးကွက် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အမှတ်တံဆိပ်တွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ၊ မြန်မာလိုထည့်သွင်း ဖော်ပြရမည့်အချက်အလက်များ အားသိရှိစေရန် ရည်ရွယ်၍ မတ်လ(၄)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံ ဦးမြင့်အောင်မှ အမှတ်(၂)ရပ်ကွက်၊ ဘူတာရုံ ရုံးခန်း တွင် (၃.၃.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပဲလှော်လုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။
ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံဦးမြင့်နောင်(ဦးစီးမှူး)သည် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချနိုင်ရေးနှင့်ပတ်သက်၍ လေလံကြီးကြပ်မှုအဖွဲ့တွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ၎င်းလေလံကြီးကြပ်မှုအဖွဲ့တွင် တာချီလိတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်ဦးမြင့်သိန်း(အဖွဲ့ခေါင်းဆောင်)၊ ပြည်တွင်းအခွန်များဦးစီးဌာန(အဖွဲ့ဝင်)၊ စီးမံကိန်းရေးဆွဲရ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချနေသော ကုန်စည်များအားစားသုံးသူများ ဘေးဥပဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်စစ်ဆေးရေးမှူးဦးမင်းဇော် ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများလိုက်ပါ၍ မတ်လ(၇)ရက် နံနက်(၁၀:၀၀)နာရီ၌ (၃)ရပ်ကွက်၊