Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Mar 2022

         ကယားပြည်နယ်တွင်နယ်စပ်ဒေသမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှု ကြောင့် ပြည်နယ်တွင်း အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာပြီး တရားမဝင်ကုန်ပစ္စည်းများအခွန်ပေးဆောင်မှု မရှိသည့်အတွက် ပြည်တွင်း ရင်းနှီးမြုပ်နှံသူများမှာနည်းပညာနှင့် ဈေးကွက်ယှဉ်ပြိုင်နှိုင်မှု အခက်အခဲများဖြစ်ပေါ်နေ ခြင်းကြောင့် ပြည်နယ်အတွင်းသို့တရားမဝင်ကုန်သွယ်မှုများ ဝင်ရောက်မှုကို စစ်ဆေး ကြီးကြပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရမှ “တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့

11 Mar 2022

          မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်သော ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အပါအဝင်၊ သက်ဆိုင်ရာ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လ(၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ သောက်ရေသန့် လုပ်ငန်းများအား ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

11 Mar 2022

           စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးဌာနရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)နှင့် ဝန်ထမ်း များသည် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ် ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြနိုင်ရေးအတွက် ၈.၃.၂၀၂၂ ရက်နေ့တွင် မိုညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ဒဂုံရှင်ခေါက်ဆွဲစက်လုပ်ငန်းရှင်အား သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ ပါသည်။

11 Mar 2022

          လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၈.၃.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက် စည်ပင်သာယာလမ်းရှိ ကုန်မျိုးစုံ၊ မုန့်မျိုးစုံဆိုင်များသို့ သွားရောက်၍ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

11 Mar 2022

          စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ ကြို့ပင်‌ကောက်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (Covid-19) ရောဂါဖြစ်ပွားနေချိန် ယခုကာလတွင် ကြို့ပင်‌‌ကောက် မြို့နယ် အနေဖြင့် မြို့မစျေး(၂)ခု၊ ရပ်ကွက်(၁၀) ရပ်ကွက် ၊ ကျေးရွာများတွင် ဆေးဆိုင်ပေါင်း (၂၅) ဆိုင် ဖွင့်လှစ်ရောင်းချနေမှု အခြေအနေများအား (၄.၃.၂၀၂၂)ရက်နေ့၌ ဆေးလက်လီ/လက်ကားရောင်းချသည့် ဆေးဆိုင်များသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

Pages