Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 May 2022

             ပဲခူးတိုင်းဒေသကြီးအတွင်း ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး စားသုံးသူတွေရဲ့ အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား အငြင်းပွားမှုများကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် စားသုံးသူရေးရာကော်မတီ (၂/၂၀၂၂) အစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် (၁၇.၅.၂၀၂၂) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီတွင် ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွား‌ရေးရာဝန်ကြီး၊ စားသုံးသ

25 May 2022

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးခွန်ကျော်ဌေး(လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သည့် ဝန်ထမ်းများသည်(၂၃.၅.၂၀၂၂)ရက်နေ့ ၁၃:၀၀ နာရီအချိန်တွင် တောင်ကြီးမြို့၊ ရက်ကန်းနှင့်အသက်မွေးဝမ်းပညာသင်တန်းကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

25 May 2022

             ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းသည် ပူးပေါင်းမိတ်ဖက်ဌာနဖြစ်သည့် ပြည်နယ်FDA၊ မြို့နယ်ကျန်းမာရေး၊ မွေး/ ကု၊ ထွေ/အုပ်၊ စည်ပင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိပုဂ္ဂိုလ်များနှင့်ပူးပေါင်း၍ (၁၉-၅-၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် စစ်တွေမြို့ပေါရှိ ဆေးဝါးရောင်းချသောဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်းရှိ သုံးစွဲရန်မသင့်သည့်ဆေးဝါးပစ္စည်းများရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

25 May 2022

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမင်းဇော်သည်မေလ(၂၀) ရက်နေ့၊နံနက်(၀၉:၀၀)နာရီတွင် ကျုံကူကျေးရွာရှိ ကျားမင်းအမှတ်တံဆိပ် ငရုတ်ဆီလုပ်ငန်းသို့သွားရောက်၍ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအား ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

25 May 2022

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးဦးမင်းဇော် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်းတို့နှင့်အတူ မေလ(၁၉)ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် Bella  Plus  Plaster များအား ဖျာပုံမြို့နယ်ရှိ ဈေးကွက်များအတွင်းရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

Pages