ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးဦးမင်းဇော် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်းတို့နှင့်အတူ မေလ(၁၉)ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် Bella Plus Plaster များအား ဖျာပုံမြို့နယ်ရှိ ဈေးကွက်များအတွင်းရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ Bella Plus Plaster များတွင် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No(IR)များဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်းရောင်းချလျက်ရှိသောကြောင့် တရားဝင်အခွန်အခများ ပေးသွင်း၍ ရောင်းချနေသူ အနေဖြင့် အကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ဈေးကွက် အတွင်း ရောင်းချမှုရှိ/မရှိ အားစစ်ဆေးခဲ့ရာ ၎င်း Bella Plus Plaster များရောင်းချခြင်းမရှိသဖြင့် ဆိုင်ရှင်များအား အလားတူ အခြားတရားမဝင် ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုရန်၊ တရားဝင် အခွန်အခပေးသွင်း၍ ရောင်းချနေသူများ ဆုံးရှုံးထိခိုက်နစ်နာမှု မရှိစေရန် ဝိုင်းပူးပေါင်းကူညီဆောင်ရွက်ပေးရန်၊ တရားမဝင်ကုန်စည်များ ရောင်းချပါက ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
DOCA(ဧရာဝတီ)