သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်မှ ဦးဆောင်၍ ဒု-ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် စစ်ကိုင်းခရိုင်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ နှင့်အတူ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နိုင်ငံတော်က ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှ တင်သွင်းသည့် စက်သုံးဆီများအပေါ် သက်သာသော အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးသည့် စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် စစ်ကိုင်းမြို့ရှိ BOC စက်သုံးဆီဆိုင်နှင့် ရွှေဗျိုင်းဖြူ စက်သုံးဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခ
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂) ရက်နေ့ မွန်းလွှဲပိုင်းတွင် ပြည်ပမှ စားအုန်းဆီများ တင်သွင်း၍ မြန်မာနိုင်ငံအတွင်းရှိ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီများ၏ အရည်အသွေး ဈေးနှုန်းကိစ္စရပ်များနှင့် ပတ်သက်သော ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကိုဗစ်ရောဂါတားဆီးထိန်းချုပ်ရေးကော်မတီဝင်များဖြစ်ကြသော ခရိုင်ပြည်သူ့ကျန်းမာရေး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်စသော သက်ဆိုင်ရာဌာနများပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်နေ့၊ နံနက် (၈း၀၀) အချိန်တွင် မြိတ်မြို့ပေါ်ရှိ စားသောက်ဆိုင်၊ အအေးဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကွမ်းဆိုင်များသို့ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေး အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
မော်လမြိုင်ကုန်စည်ဒိုင်၏ လပတ်အစည်းအဝေး (၂/၂၀၂၂)ကို ၁၉.၂.၂၀၂၂ ရက်နေ့ (၁၃း၀၀) နာရီတွင် မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေးသို့ မော်လမြိုင်ကုန်စည်ဒိုင် နာယက၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မော်လမြိုင်ကုန်စည်ဒိုင်လုပ်ငန်းစဉ်များကို နည်းပညာအရ ပံ့ပိုးကူညီပေးနေသူများ စုစုပေါင်း(၃၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၂၃.၂.၂၀၂၂ ရက်နေ့တွင် ဝိုင်းမော်မြို့၊ ရပ်ကွက်(၂)ရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။