Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 May 2022

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ သာပေါင်းမြို့နယ်၊ သီရိရွှေသာဈေးအတွင်း၌ ရောင်းချနေသော သွားတိုက်ဆေးဘူးများအား စားသုံးသူများ ဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ သာပေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မေလ(၃)ရက်၊ နံနက် ၁၀ နာရီတွင် ဈေးအတွင်းရှိ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

23 May 2022

           စားသုံးသူရေးရာကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ၂၀၂၂ ခုနှစ်၊ မေလ ၁၆ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့  စီးပွားရေးရာဝန်ကြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစည်ပင်သာယာဦးစီးဌာန၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ တက်ရောက်ခ

20 May 2022

            မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျောက်တံခါးဆည်နှင့် နတ်မောက်ဆည် ရေသောက်ဧရိယာတွင် ၂၀၂၁- ၂၀၂၂နွေနှမ်းရာသီ၌ စိုက်ပျိုးထားရှိသော နွေနှမ်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။

20 May 2022

           ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ‌ ဆေးဆိုင်များသို့ ဆေးဝါးများအဓိက ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသော ဆေးဝါးကုမ္မဏီတစ်ခုဖြစ်သည့် AA  Medical Products Co.,Ltd (လားရှိုးရုံးခွဲ)မှ တာဝန်ရှိသူများသည်  စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရက်လွန်ဆေးဝါးများနှင့် ပျက်စီးဆေးဝါးများအား ၂၀၂၂ခုနှစ်၊ မေလ၊ ၁၆ ရက်နေ့ ညနေ(၃း၀၀)ခန့် အချိန်တွင် လားရှိုးမြို့၊ စည်ပင်သာယာအမှိုက်ပုံတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

20 May 2022

                နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ ဆီထွက်သီးနှံများတိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စားသုံးဆီဖူလုံရေး၊ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားလာစေရေးတို့အတွက် ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စီစဉ်ဆောင်ရွက်လျှက်ရှိသဖြင့် ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နေကြာသီးနှံကိုပဲခူးခရိုင်တွင် မိုးစိုက်

Pages