Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 May 2022

            ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သဲကုန်းမြို့နယ်တာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများသည် (၉.၅.၂၀၂၂) ရက်နေ့ ၊ နေ့လည် (၁:၃၀)တွင် သဲကုန်းမြို့နယ် သစ်နီတောအုပ်စု၊ သစ်နီတော ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဆွေးနွေး

20 May 2022

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မှော်ဇာကျေးရွာရှိ  ပျူမြို့ဟောင်း မှော်ဇာပြတိုက်တွင် ယခင်က ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများဖြင့် စည်ကားလျှက်ရှိရာ  COVID-19 ရောဂါများဖြစ်ပွားချိန်တွင် ခရီးသွားဧည့်သည်များမရှိ၍ ယာယီပိတ်ထားလျှက်ရှိရာ ယခုအချိန်တွင် ရောဂါဖြစ်ပွားမှုများ လျော့ကျသွားသဖြင့် ခရီးသွားများလာရောက်လည်ပတ်သွားလာသဖြင့် ပျူမြို့ဟောင်း ပြတိုက်အား ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ ဖွင့်လှစ်လျှက်ရှိပါသည်။

20 May 2022

                 ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ သဲကုန်းမြို့နယ်တာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများသည် (၉.၅.၂၀၂၂) ရက်နေ့ နံနက် (၉:၀၀)အချိန်တွင် သဲကုန်းမြို့နယ်၊ ကံနှစ်ဆင့်ကျေးရွာအုပ်စု၊ ကံနှစ်ဆင့်ကျေးရွာသို့ သွားရောက်၍ မိုးစပါးကျဲခင်းစိုက်ပျိုးနေမှုအား ကွင်းဆင်း လေ့လာခဲ့ပါသည်။

20 May 2022

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်တာဝန်ခံသည် မြန်အောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ နေခြည်ဈေးအတွင်းရှိ ဆေးဆိုင်များတွင် (၁၂.၅.၂၀၂၂) ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်စည်ပင်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍  မြို့ပေါ်ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

20 May 2022

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့မရပ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် (၁၅.၅.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၁၅) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

Pages