သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၆.၂.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ ပွင့်ဖြူမြို့ပေါ်ရှိ စားသုံးဆီ ရောင်းချဖြန့်ဖြူးလျက်ရှိသော လုပ်ငန်းရှင်(၅)ဦးအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းအသိပေးဆွေးနွေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူမြို့နယ် ကေတုမတီမြို့ အုပ်ချုပ်ရေးမှူးရုံး၊ ကေတုမတီရဲတပ်ဖွဲစခန်းနှင့် ကေတုမတီမြို့ ကျန်းမာရေးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နေ့လည်ပိုင်းက တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ Soe San Mini Mark သို့သွားရောက်ပြီး ဆိုင်ခန်းများအတွင်း ရောင်းချနေသော ကုန်ပစ္စည်းများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ ရန်ကုန်-မန္တလေးလမ်းရှိ ကုန်စုံဆိုင်ကြီးများတွင် ရောင်းချလျှက်ရှိသော ကြက်အူချောင်းနှင့် ငါးသေတ္တာများတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ၊ မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကေတုမတီမြို့အုပ်ချုပ်ရေးမှူးရုံးနှင့် ကေတုမတီမြို့ ကျန်းမာရေးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ ပွင့်ဖြူအထည်ချုပ်စက်ရုံ၊ ရွှေလီဝါးတူစက်ရုံနှင့် ပန်းကမ္ဘာစက္ကူစက်ရုံများသို့ သွား ရောက်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်း
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ရွှေတောင်မြို့ရှိ ကုန်မျိုးစုံဆိုင်များသို့ (၇.၂.၂၀၂၂) နေ့တွင်လည်းကောင်း၊ ပြည်မြို့နယ်ရှိ ပေါင်းတလည်မြို့ပေါ်ကုန်မျိုးစုံဆိုင်များသို့ (၈.၂.၂၀၂၂) နေ့တွင်လည်းကောင်း၊ သဲကုန်းမြို့နယ်ရှိ ဆင်မြီးဆွဲစည်ပင်သာယာဈေးသို့ (၉.၂.၂၀၂၂) နေ့တွင်လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံများဦးဆောင်၍ မြို့နယ်ဈေးကွက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ မြို့ပေါ်ကုန်မျိုးစုံဆိုင်များနှင့် ဈေးအတွင်းရောင်းချလျှက်ရှိသော ကုန်စည်များလုံခြုံစိ