သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၌ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင် တို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကို ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးစီးအရာရှိဒေါ်ဝါဝါမြိုင်၊ ဦးစီးအရာရှိဦးစိုင်းဆိုင်လှိုင်း၊ ၊ အကြီးတန်း
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒေးဒရဲမြို့နယ်၊ မြို့နယ်စစ်ဆေးရေးမှူးဦးသိန်းမောင်နှင့် ဝန်ထမ်းများသည်(၁၆.၂.၂၀၂၂)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိ မုန့်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်တွင် ရောင်းချလျက်ရှိသောမုန့်မျိုးစုံများအား စစ်ဆေးခဲ့ပြီးနောက် ရောင်းချသူလုပ်ငန်းရှင်များအား စစ်ဆေးရေးမှူးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်း ထုတ်လုပ်တင်သွင်း ထုပ်ပိုး၊လက်လီလက်ကားဖြန့်ဖြူးရောင်းချရာတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည်၊ မြို့နယ်စက်သုံးဆီဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဝင်များနှင့်အတူ (၁၆.၂.၂၀၂၂)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီတွင် ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ရှိ ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်တွင် HSD နှင့် PHSD ဆီတို့ အား အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုကို သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၅.၂.၂၀၂၂) ရက်နေ့တွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့၊ မြိုင်ရတနာဈေးကြီးနှင့် အမှတ် (၁) ဈေးကြီးရှိစားသောက်ကုန်အရောင်းဆိုင်များ၌ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာရှိ ရေလုပ်ငန်းရှင်များနှင့်ဆားထုတ်လုပ်သူ လုပ်ငန်းရှင် စုစုပေါင်း( ၁၅ )ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။