ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည်၊ မြို့နယ်စက်သုံးဆီဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဝင်များနှင့်အတူ (၁၆.၂.၂၀၂၂)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီတွင် ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ရှိ ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်တွင် HSD နှင့် PHSD ဆီတို့ အား အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုကို သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဗဟိုဘဏ်မှ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးသော USD နှင့်ညီမျှသည့် ဒီဇယ်ဆီ နှင့် ပရီမီယမ်ဒီဇယ်ဆီတို့အား ရွေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်မှ ပြည်သူများသို့ အထူးဈေးနှုန်း ဖြင့် ရောင်းချပေးနေမှုကို မြို့နယ်စက်သုံးဆီဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဝင် များဖြစ်သော ထွေ/အုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ စည်ပင်တို့နှင့်အတူ ရှောင်တခင်ဝင် ရောက်စစ်ဆေးရာ အထက်ပါ စက်သုံးဆီ(၂)မျိုးအား (၂၀)လီတာဝင်စံခွက်ဖြင့် ချိန်တွယ်စစ်ဆေးရာ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ဆီအရည်အသွေးအား စစ်ဆေးနိုင်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)