သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးမြင့်ဝင်းသည် ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း(မန်းရေနံမြေ) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး ကလေးလုပ်သားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ၏ အသိပညာပေးသင်တန်းသို့ သွားရောက်၍ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသ
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များအား စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ၁၄.၂.၂၀၂၂ ရက်နေ့တွင် စားသုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုနှင့် ခရိုင်ဝန်ထမ်းများသည် ၁၅.၂.၂၀၂၂ ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ (FDA)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့(ဈေး)များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် FDAဦးဆောင်မှုဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထောက်ခံချက်မရှိဘဲ နယ်စပ်မှတရားမဝင် ဝင်ရောက်
စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်၊ “Top” ခေါက်ဆွဲ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ် အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။
(၁၄-၂-၂၀၂၂)နေ့ နံနက်(၀၉:၃၀)အချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ဦးဆောင်ပြီး ထွေအုပ်၊ စည်ပင်၊ ကျန်းမာရေး၊ မွေး/ကု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ (စစ်တွေခရိုင်ဦးစီးမှူး) ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့ပေါ် ရပ်ကွက်ရှိ စတိုးဆိုင်များ၊ ဈေးဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။