သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဌာနခွဲတာဝန်ခံတို့သည် ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်တို့အနေဖြင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပြဌာန်းချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရေးအတွက် ရည်ရွယ်၍ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်မြို့နယ်အတွင်းရှိ တည်းခိုရိပ်သာ ဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကော့ကရိတ်မြို့နယ် တာဝန်ခံ ဦးမောင်မောင်အေး ၊ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေး တို့နှင့်အတူ( ၂၀-၂-၂၀၂၂) ရက်နေ့ ၁၃:၃၀ နာရီမှ ၁၅:၀၀ အချိန်တွင် ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရွှေပျံလွှားမုန့်မျိုးစုံလုပ်ငန်း၊ ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘုံကျောင်းလမ်း ရှိ မိုးကြယ်စင်သောက်ရေသန့်လုပ်ငန်း၊ ကော့ကရိတ်
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဦးဆောင်သည့် ဝန်ထမ်းများသည် (၁၈.၂.၂၀၂၂)ရက်နေ့တွင် မန္တလေးခရိုင်အတွင်းရှိ ဝါစေ့ဆီစက်၊ ဝါဂွမ်းစက်နှင့် မြေပဲဆီစက်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်ကြမ်းဝယ်ယူရရှိမှု အခြေအနေများ၊ ကုန်ချောပစ္စည်းရောင်းချနေသည့်အခြေအနေများ၊ ကြိတ်ခွဲထုတ်လုပ်နိုင်မှုနှင့် စက်စွမ်းအားအခြေအနေများ၊ လုပ်သားအင်အားစာရင်းနှင့် ကုန်ကြမ်း/ကုန်ချောဈေးနှုန်းစာရင်း များကောက်ယူခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အည
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းသည် (၁၀-၂-၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် Vegetable Oil နှင့် Cooking Oil များ တပ်ဆင်ရောင်းချနေသော စားသုံးဆီများနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားသော ညွှန်ကြားချက် (၁/၂၀၂၁) နှင့်ပတ်သက်၍ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများကို မိတ္ထီလာခရိုင်ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်၍ ခရိုင်ဦးစီးမှူးရုံးခန်းတွင် တွေ့ဆုံခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာနှင့်ရမည်းသင်း)ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ ဦးဆောင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ (၁၅.၂.၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် ရမည်းသင်းမြို့ မြို့မစည်ပင်သာယာစျေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်သားဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များအား ကွင်းဆင်း၍ အသိပညာပေ