Main menu

ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးကြို စပါးကျဲခင်းများစတင်စိုက်ပျိုး

Powered by Drupal

                 ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ သဲကုန်းမြို့နယ်တာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများသည် (၉.၅.၂၀၂၂) ရက်နေ့ နံနက် (၉:၀၀)အချိန်တွင် သဲကုန်းမြို့နယ်၊ ကံနှစ်ဆင့်ကျေးရွာအုပ်စု၊ ကံနှစ်ဆင့်ကျေးရွာသို့ သွားရောက်၍ မိုးစပါးကျဲခင်းစိုက်ပျိုးနေမှုအား ကွင်းဆင်း လေ့လာခဲ့ပါသည်။

               သဲကုန်းမြို့နယ်အနေဖြင့် မိုးစပါး ဧက(၆)သောင်းကျော် စိုက်ပျိုးရန်အတွက် လျာထားပြီး ဖြစ်ပါသည်။ ကံနှစ်ဆင့်အုပ်စု၊ ကံနှစ်ဆင့်ကျေးရွာတွင် မိုးစပါးဧက(၄၀)ကျော်ကို ကျဲပက်ခင်းအဖြစ် စိုက်ပျိုးထားပြီးဖြစ်ကြောင်းသိရပါသည်။ စိုက်ပျိုးသောမျိုးများမှာ ရတနာတိုးစပါးမျိုးဖြစ်ပြီး ယခင်နှစ်ကထက်စာရင် ယခုနှစ်တွင်  ပိုမိုစိုက်ပျိုးထားရှိပြီး  မိုးစပါးကျဲခင်းကို စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစပါး (၃)တင်းမှ (၄)တင်းအထိ ကျဲပက်စိုက်ပျိုးနိုင်ပါသည်။ စပါးစိုက်ပျိုးသူ တောင်သူများအနေဖြင့် စပါးများစိုက်ပျိုးရာတွင် စိုက်ခင်းမှာ ကုန်ကျစရိတ်များပြီး ကျဲပက်ခင်း(ခေါ်) သဏ္ဍာန်ကျဲခင်းမှာ ကုန်ကျစရိတ်သက်သာသဖြင့် ပိုမိုဦးစားပေးစိုက်လာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)