စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (Covid-19) ရောဂါဖြစ်ပွားနေချိန် ယခုကာလတွင် ကြို့ပင်ကောက် မြို့နယ် အနေဖြင့် မြို့မစျေး(၂)ခု၊ ရပ်ကွက်(၁၀) ရပ်ကွက် ၊ ကျေးရွာများတွင် ဆေးဆိုင်ပေါင်း (၂၅) ဆိုင် ဖွင့်လှစ်ရောင်းချနေမှု အခြေအနေများအား (၄.၃.၂၀၂၂)ရက်နေ့၌ ဆေးလက်လီ/လက်ကားရောင်းချသည့် ဆေးဆိုင်များသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။
ယခုကာလ စျေးဖွင့်ရက်တိုင်းတွင် ဆေးဆိုင်အကုန်ဖွင့်လှစ်ရောင်းချနေသည်ကိုတွေ့ရပြီး လက်လီလက်ကား ရောင်းချနေသော နဝရတ်ဆေးဆိုင်၊ ရွှေအင်းလေးဆေးဆိုင်၊ သာဓုအောင်၊ ဆေးဆိုင် ပိုင်ရှင်များမှ ပြောကြားရာတွင် ယခင်တတိယလှိုင်းလောက် ရောဂါအခြေအနေမဆိုးဝါးသဖြင့် ဆေးပြတ်လတ်မှုများ စိုးရိမ်စရာမရှိပါကြောင်းနှင့် စျေးအနည်းငယ်သာ တက်ပါကြောင်း ပြောကြားခဲ့ပါ သည်။ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းမျာမှ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအားဆွေးနွေး ပြောကြားခဲ့ပြီး အပတ်စဉ်ဆေးစျေးနှုန်း၊စျေးကွက်၊ ဆေးဆိုင်ဖွင့်လှစ်ရောင်းချမှု အခြေအနေများအား စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
DOCA(ပဲခူး)