
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ စက်မှု့လုပ်ငန်းသုံးဆီ ခေါင်းစဉ်အောက်မှ လုပ်ငန်းသုံးဆီယူးသော စားသောက်ကုန်၊ စားသောက်ဆိုင် လုပ်ငန်းများအား ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့ နံနက်ပိုင်းတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်း၊ သာယာဝတီခရိုင် ဆီကုန်သည်အသင်း ဥက္ကဌ ဦးပြည့်ဖြိုးပိုင်တို့ ပူးပေါင်း၍ မြေပြင် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ကြို့ပင်ကောက်မြို့အနေဖြင့် စက်မှုလုပ်ငန်းသုံးဆီအား စားသောက်ကုန်လုပ်ငန်း (၅) ဦး၊ စား သောက်ဆိုင် (၂)ဆိုင်တို့မှ လျှောက်ထားပြီး ၎င်းလုပ်ငန်းများ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု့ ရှိ/မရှိ ရရှိသောဆီများအား လုပ်ငန်းတွင် မှန်မှန်ကန်ကန်သုံးစွဲရန်၊ ပြည်ပသို့တစ်ဆင့် ရောင်းချခြင်း မပြုလုပ်ရန် သက်ဆိုင်ရာမြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့မှ လုပ်ငန်းသုံးဆီယူသော လုပ်ငန်းရှင် များအား တွေ့ဆုံဆွေးနွေးပြောကြားပြီးတစ်လဆီလိုအပ်ချက်များအားမေးမြန်းပြီးလုံလောက်မှု့ပမာဏရရှိစေရန်ခရိုင်အလိုက်၊မြို့နယ်အလိုက် ဆောင်ရွက်ဖြန့်ဖြူးမှု အခြေအနေတို့အား ရှင်းလင်း ပြောပြပြီး မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
DOCA(ပဲခူး)
