Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Feb 2022

           (၁၄-၂-၂၀၂၂)နေ့ နံနက်(၀၉:၃၀)အချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ဦးဆောင်ပြီး ထွေအုပ်၊ စည်ပင်၊ ကျန်းမာရေး၊ မွေး/ကု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ (စစ်တွေခရိုင်ဦးစီးမှူး) ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့ပေါ် ရပ်ကွက်ရှိ စတိုးဆိုင်များ၊ ဈေးဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

15 Feb 2022

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုး သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၁၀.၂.၂၀၂၂ရက်နေ့၊ နေ့လည်(၁၁:၃၀)နာရီတွင် ဝါးခယ်မ မြို့နယ်၊ မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချသောမုန့်များ၌ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းရှိ/မရှိကို စိစစ်ဆောင်ရွက်ပြီး မုန့်ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)

15 Feb 2022

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးဦး‌အောင်သိန်း ဦးဆောင်၍ ပြည်တွင်းတာဝန်ခံဒေါ်ခင်ခင်ထိုက်၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့်အဖွဲ့သည် (၉.၂.၂၀၂၂) ရက်နေ့တွင် လက်ပံတန်းမြို့နယ် DENKO စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ သတ်မှတ်ထားသော စက်သုံးဆီခွဲတမ်းများ၊ သတ်မှတ်အရည်အသွေးမပြည့်မှီသော ကုန်စည်များအား အမျိုးအစားတူကုန်စည်နှင့် ရောနှောရောင်းချခြင်းမပြုရန်နှင့် စျေးနှုန်းများ အရည်အသွေးများ အချိန်အတွယ်ပမာဏများအတိုင်း မှန်ကန်ပြည

15 Feb 2022

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံဦးမြင့်သူသည် တောင်ငူမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၈ ရက်နေ့က တောင်ငူမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချရေးနှင့် သက်ဆိုင်ရာဌာနများအလိုက် ထုတ်ပြန်ထားသောဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထ

15 Feb 2022

           စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် တောင်ငူမြို့နယ် ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးကော်မတီဝင်များဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံနှင့် တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသော စက်သုံးဆီကုမ္ပဏီမ

Pages