သတင်းနှင့် လှုပ်ရှားမှုများ
ကျန်းမာရေးနှင့်ညီညွတ်ပြီးဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စားသုံးဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၊ အုပ်ချုပ်မှုဒါရိုက်တာ၊ ဦးမြင့်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်ဦးစီးမှူးဦးမြင့်ဌေးသည် (၇.၂.၂၀၂၂) ရက်နေ့တွင် လပွတ္တာမြို့ အမှတ်(၇)ရပ်ကွက်၊ နန္ဒဝန်ဈေး အတွင်းရှိ ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား မြို့နယ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။
လူမှုဘဝတွင် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များသည် နေ့စဉ် ကြုံတွေ့ဖြေရှင်းနေရသော ကိစ္စရပ်များပင်ဖြစ်သည်။ မည်သည့်အရေးကိစ္စမဆို စားသုံးသူနှင့် လုပ်ငန်းရှင်တို့သည် ပတ်သက်နေကြရသည်။ စားသုံးသူများက တန်ဖိုးနှင့် ညီမျှသည့် ငွေကြေးပေးရ သလို လုပ်ငန်းရှင်များကလည်း ဝန်ဆောင်မှု (သို့မဟုတ်) ကုန်စည်ပေးရသည်။ စားသုံးသူနှင့် လုပ်ငန်းရှင်များသည် ရိုးသားဖြောင့်မတ်သောသူများရှိသလို မရိုးဖြောင့်သောသူများလည်း ရှိကြ သည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အငြင်းပွ
ရခိုင်ပြည်နယ်ရှိ ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင် (၁)ဦးမှ စစ်တွေမြို့နယ်အတွင်း ၎င်းထုတ်လုပ်မည့်ကုန်ပစ္စည်းနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားများကို မည်ကဲ့သို့ဖော်ပြရမည်ကိုသိရှိလို၍ (၈-၂-၂၀၂၂) နေ့ နေ့လည်(၁:၀၀)ခန့်အချိန်တွင် ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးသို့လာရောက်၍ ပြည်နယ်ဦးစီးမှူးနှင့် လာရောက်တွေ့ဆုံမေးမြန်းလာခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၃.၂.၂၀၂၂) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဉပဒေ ၂၀၁၉ ၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာ ဖော်ပြနိုင်စေရေး ညောင်လေးပင်မြို့နယ်၊ မြို့မ(၁)ရပ်ကွက်၊ စက်ရုံလမ်းရှိ (ရွှေခေတ်)မုန့်မျိုးစုံလုပ်ငန်း၊ မြို့မ(၂)ရပ်ကွက်၊ ငုချယ်ရီလမ်းရှိ (မြင့်မိုရ်မေ