သတင်းနှင့် လှုပ်ရှားမှုများ
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့်ဝန်ထမ်းများသည် ၁.၃.၂၀၂၂ ရက်နေ့တွင် စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ပိုမိုသိရှိလေ့လာနိုင်ရန်အတွက် ဗန်းမော်မြို့ရှိ အောင်ပြည့်စုံဆန်စက်၊ သုခစံဆန်စက်၊ အောင်ကောင်းဆက်ဆန်စက်၊ ကျော်မေတ္တာဆန်စက်များသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ဆန်စက်လုပ်ငန်းရှင် ဝန်ထမ်းများ၊ အလုပ်သမားများ တက်ရောက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့စျေးအတွင်း ဆေးနှင့် ဆေးပစ္စည်းဆိုင်များသို့ (၂၂.၂.၂၀၂၂)ရက်နေ့ ၊ နံနက် (၁၀ :၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများသည် ( Covid-19) ထိန်းချုပ်ရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ စည်ပင်သာယာရေးအဖွဲ့ ၊ ကျန်းမာရေးအဖွဲ့ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့် ဝန်ထမ်းများ သည် ၂၆-၂-၂၀၂၂ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စားသုံးသူများ အခွင့်အရေးအပြည့်အဝရရှိစေရန်အတွက် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ၊မြောက်ဦးခရိုင်ဦးစီးမှူး ဦးကျော်မြင့်ဦးဆောင်ပြီး မင်းပြားမြို့၊ မြို့နယ်ဦးစီးမှူး ဦးမောင်သန်းဝင်းနှင့် ဝန်ထမ်းများသည် ၂၅-၂-၂၀၂၂ နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက် ကျွန်းညိုရပ်ရှိ ဘုန်းဟိန်း အကြော်မျိုးစုံနှင့်ယိုမျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း းဆောင်ရွက်ခဲ့ပါသည်။
မလှိုင်မြို့နယ်အတွင်းအဓိက စိုက်ပျိုးသော မိုးသီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ တို့အပြင် ဝါသီးနှံကိုလည်း မိုးဦး/မိုးနှောင်း စိုက်ပျိုးလျက်ရှိပါသည်။ ယခုနှစ်တွင် မိုးကြိုဝါကိုစိုက်ပျိုးမည်ဟု သက်ဆိုင်ရာဌာနမှ သိရှိရသည့်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းသည် (၂၂.၂.၂၀၂၂)ရက်နေ့ နံနက်(၁၀း၀၀)နာရီ အချိန်တွင် မကျီးကုန်းကျေးရွာ မိုးကြိုဝါ(၄)ဧက စိုက်ပျိုးသည့် တောင်သူဦးစိုးမောင်နှင့် တွေ့ဆုံမေးမြန