Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Nov 2021

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးစပါးများ စတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် မိုးစပါးစိုက်ဧက (၃၈၂၆၀၉) စိုက်ပျိုးနိုင်ခဲ့ပြီး ရွှေတောင်မြို့တွင် (၅၈၁၆၂) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။

12 Nov 2021

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်တွင် ပဲတီစိမ်းများစတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် ပဲတီစိမ်းစိုက်ဧကမှာ (၅၉၉၅) စိုက်ပျိုးနိုင်ခဲ့ပြီး ပန်းတောင်းမြို့အနေဖြင့် (၁၈၀၂) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပန်းတောင်း မြို့နယ် တာဝန်ခံ နှင့် အဖွဲ့သည် (၉ .

12 Nov 2021

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်သည် ဘင်္ဂလားပင်လယ်အော်ထဲရှိ ရမ်းဗြဲကျွန်းပေါ် တွင်တည်ရှိပြီး ရာသီဥတုမျှတပြီး ရေထွက်ပစ္စည်းပေါများသော်လည်း ဟင်းသီးဟင်းရွက် ရှားပါးသော မြို့နယ်ဖြစ်ပါသည်။ ယခုအခါ တောင်သူများသည် ဒေသတွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းဒေသများဖြစ်သော စေတီယျ၊အုန်းတော၊ ဂုံးချိန်၊ ရေနံတောင်၊ မင်းပြင်၊ ဇင်ချောင်းနှင့် စနဲကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးဆိုင်များမှ မျိုးစေ့များဝယ်ယူပြီး ရာသီအလိုက် စိုက်ပျိုးလာကြပါသည်။

12 Nov 2021

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် အသစ်ခန့်အပ်ထားရှိသော ဝန်ထမ်းများနှင့် လက်ရှိဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၁/၂၀၂၁) ကြိမ်မြောက်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂.၁၁.၂၀၂၁) ရက်နေ့မှ (၄.၁၁.၂၀၂၁) ရက်နေ့ထိ ကျင်းပခဲ့ပြီး သင်တန်သား/သူ စုစုပေါင်း(၂၂)ဦးတက်ရောက်ခဲ့ပါသည်။

12 Nov 2021

၅.၁၁.၂၀၂၁ ရက်နေ့၊ နံနက် ( ၉ : ၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သော ၂၀၂၁-၂၀၂၂ ခုနှစ်၊ မိုးစပါး စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ သနပ်ပင် မြို့နယ်၊ ဖရဲကျေးရွာ၊ လယ်မြေကွင်းအမှတ် (၈၅၄) ၊ ဦးပိုင်အမှတ် (၃၅/၄) ဆင်းသုခ - မိုးစပါး စံကွက်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်မြေစာရင်းဦးစီးဌာန ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးဌာန ၊ မြို့နယ် စက်မှုလယ်ယာဦးစီးဌာန နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ တောင်သူများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန ၊ သနပ်ပင် မြို

Pages