Main menu

လက်ပံတန်းမြို့နယ် စည်ပင်သာယာစျေးအတွင်း ဆေးဆိုင်များအားကွင်းဆင်းစစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့စျေးအတွင်း ဆေးနှင့် ဆေးပစ္စည်းဆိုင်များသို့ (၂၂.၂.၂၀၂၂)ရက်နေ့ ၊ နံနက် (၁၀ :၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများသည် ( Covid-19) ထိန်းချုပ်ရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ စည်ပင်သာယာရေးအဖွဲ့ ၊ ကျန်းမာ‌ရေးအဖွဲ့ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          Covid-19 ကာလဖြစ်သည့်အတွက် ဆေးနှင့် ဆေးပစ္စည်းဆိုင်များအား စျေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ ၊ စျေးကွက်အတွင်းဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်းလိုအပ်ချက်များအား (ကိုဖိုးချို+မမေသူ) ဆေးဆိုင်သို့ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)