Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
04 Mar 2022

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁..၂၀၂၂)ရက်နေ့ (၁၃:၀၀)နာရီအချိန်၌ ပွင့်ဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူအသိပညာပေးအစီအစဉ်အရ မိဘပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချစေရေး စီးပွားရေးလုပ်ငန်းရှင် များလိုက်နာဆောင်ရွက်ရမည့် အခန်းကဏ္ဍများကိုသိရှိလိုက်နာဆော

04 Mar 2022

               ( ၂.၃.၂၀၂၂ ) ရက်နေ့၊ နံနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သော တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများကျင်းပရာ စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူရေးရာနှင့် ပတ်သက်၍ အကြောင်းအရာများအား အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

04 Mar 2022

            ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့်ဝန်ထမ်းများသည် ၁.၃.၂၀၂၂ ရက်နေ့တွင် စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ပိုမိုသိရှိလေ့လာနိုင်ရန်အတွက် ဗန်းမော်မြို့ရှိ အောင်ပြည့်စုံဆန်စက်၊ သုခစံဆန်စက်၊ အောင်ကောင်းဆက်ဆန်စက်၊ ကျော်မေတ္တာဆန်စက်များသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ဆန်စက်လုပ်ငန်းရှင် ဝန်ထမ်းများ၊ အလုပ်သမားများ တက်ရောက်ခဲ့ပါသည်။

03 Mar 2022

           စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့စျေးအတွင်း ဆေးနှင့် ဆေးပစ္စည်းဆိုင်များသို့ (၂၂.၂.၂၀၂၂)ရက်နေ့ ၊ နံနက် (၁၀ :၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများသည် ( Covid-19) ထိန်းချုပ်ရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ စည်ပင်သာယာရေးအဖွဲ့ ၊ ကျန်းမာ‌ရေးအဖွဲ့ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

01 Mar 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့် ဝန်ထမ်းများ သည် ၂၆-၂-၂၀၂၂ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စားသုံးသူများ အခွင့်အရေးအပြည့်အဝရရှိစေရန်အတွက် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

Pages