သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ညောင်တုန်း မြို့နယ်ဝါးတောစွန်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ၁၇.၃.၂၀၂၂နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူ၏အခွင့်အရေးများအကြောင်းကို ဟောပြောဆွေးနွေး ခဲ့ပါသည်။
ပုသိမ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ အများပြည်သူသုံးစွဲရန်မသင့်သော ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် အရက်ပုလင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၂၂.၃.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အကောက်ခွန်ဦးစီး ဌာနမှူးရုံးတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖျက်ဆီးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးမိုးညွန့်ဦး(ဦးစီးအရာရှိ) နှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း ၍ ၂၀၂၂ ခုနှစ်၊ မတ် လ (၂၄)ရက်နေ့၊ နံနက် (၁၀ ၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ တင်သွင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသောဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ဦးဆောင်သောအဖွဲ့သည် ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့်အတူ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ပဒေသာဈေး၌ မတ်လ (၁၈.၃.၂၀၂၂) နေ့ နံက် (၉:၀၀) တွင် ဈေးအတွင်း ဖြန့်ဖြူးရောင်းချနေသာ ဟင်းသီးဟင်းရွက်ဆီ ( Vegetale Oil,Cooking Oil)များကို ကွင်းဆင်းစီစစ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၈.၃.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်၌ အမှတ်(၅)ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များ၌ ရောင်းချနေသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။