စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ညောင်တုန်း မြို့နယ်ဝါးတောစွန်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ၁၇.၃.၂၀၂၂နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူ၏အခွင့်အရေးများအကြောင်းကို ဟောပြောဆွေးနွေး ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူတို့၏ အခွင့်အရေးများအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောပြီး တက်ရောက်လာသူများ၏သိရှိလိုသည်များကို ပြန်လည်ပြောကြားခဲ့ပါသည်။ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ပြည်သူ(၇၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)