စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးမိုးညွန့်ဦး(ဦးစီးအရာရှိ) နှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း ၍ ၂၀၂၂ ခုနှစ်၊ မတ် လ (၂၄)ရက်နေ့၊ နံနက် (၁၀ ၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ တင်သွင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသောဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ ဈေးကွက်အတွင်း သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲသူများ အရည်အသွေးမှန်ကန်စွာ သုံးစွဲနိုင်ရန်၊ ပြန်လည်ပြုပြင်ထားသည့် သုံးစွဲရန်မသင့်သော အရည်အသွေးညံ့သည့် စက်ဆီ၊ ချောဆီများရောင်းချခြင်းမပြုရန်၊ တရားဝင်ခွင့်ပြုချက် လိုင်စင်မရှိပဲ ရေသန့်ဘူးများတွင် အမှတ်တံဆိပ်များ ထည့်သွင်းပြီး တရားမဝင်စက်ဆီ၊ ချောဆီများအဖြစ် ပြန်လည်ရောင်းချခြင်းများ မရှိစေရန်၊ တရားဝင်လိုင်စင်ရယူ ဆောင်ရွက်ထားသည့် ကုမ္ပဏီများမှ တင်သွင်းသည့် Product များကိုသာ တင်သွင်းရောင်းချသွားရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် အတုအပပြုလုပ်ရောင်းချလျက်ရှိသည့် တရားမဝင် စက်ဆီ၊ ချောဆီများ ဈေးကွက်အတွင်း စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
DOCA(ကယား)