Main menu

ဗန်းမော်မြို့ရှိ ဆန်စက်များသို့သွားရောက်၍စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

            ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့်ဝန်ထမ်းများသည် ၁.၃.၂၀၂၂ ရက်နေ့တွင် စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ပိုမိုသိရှိလေ့လာနိုင်ရန်အတွက် ဗန်းမော်မြို့ရှိ အောင်ပြည့်စုံဆန်စက်၊ သုခစံဆန်စက်၊ အောင်ကောင်းဆက်ဆန်စက်၊ ကျော်မေတ္တာဆန်စက်များသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ဆန်စက်လုပ်ငန်းရှင် ဝန်ထမ်းများ၊ အလုပ်သမားများ တက်ရောက်ခဲ့ပါသည်။

          အသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက ၂၀၁၉ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေကို အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် ၉/၂၀၂၂ ဖြင့်ပြဌာန်းပြီးဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီသိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့်နည်းလမ်းနှင့် တိုင်ကြားမှုများ ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၊ ဆောင်ပုဒ်အဖြစ် “ညီညွှတ်မျှတ၊ ဒီဂျစ်တယ်ငွေကြေး ကဏ္ဍ (Fair Digital Finance)”ဟု သတ်မှတ်ထားသည်နှင့်အညီ စားသုံးသူများအားမျှတမှုရှိသည့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်စေရန်နှင့် စားသုံးသူများပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များလုံခြုံစိတ်ချရစေရန်အတွက် ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုနှင်စပ်လျဉ်းသည့်အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန                          

ကချင်ပြည်နယ်