Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 May 2022

             စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် ၁၆.၅.၂၀၂၂ ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီတွင် မုံရွာခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေခန်းမ၌ ကျင်းပပြုလုပ်သော ခရိုင်စိုက်ပျိုးရေး‌၊ မွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုစီမံကြီးကြပ်ရေးအစည်းအဝေးသို့ တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

19 May 2022

           မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များမှ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြလာစေရေး၊စားသုံးသူကာကွယ်ရေးဥပဒေအရကိုက်ညီမှုရှိစေရေး၊စားသုံးသူ များဘေးကင်းစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်သည့်ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)အရ မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များ ပြည့်စုံစွာထည့်သွင်းဖော်ပြလာရေးတို့အတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ လုပ်ငန

19 May 2022

            လူတိုင်းသည် စားရေး၊ဝတ်ရေး၊နေရေးဆိုသည့် အခြေခံအရေးသုံးပါးအတွက် နေ့စဉ်နဲ့အမျှ လှုပ်ရှားဆောင်ရွက်ကြရသည်။ထိုသို့ဆောင်ရွက်ကြရာ၌ စီးပွားရေးအလို့ငှာကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချကြသည့် လုပ်ငန်းရှင်များရှိကြသည်။ ထို့အပြင် မိမိလိုအပ်သည့် ကုန်ပစ္စည်း၊ဝန်ဆောင်မှုတိုင်းကို ကိုယ်တိုင်ထုတ်လုပ်ရန်မဖြစ်နိုင်သည့်အတွက် ဝယ်ယူသုံးစွဲကြရသည့် စားသုံးသူများလည်း ရှိမည်ဖြစ်ပါသည်။ ဆိုလိုချင်သည်မှာ လူတစ်ဦးသည် မိမိစီးပွားရေးလုပ်ငန်းအတွက်လုပ်ငန်းရှင်ဖြစ်နို

18 May 2022

         ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည်    မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ (၁၀.၅.၂၀၂၁)   ရက်နေ့၊ နေ့လည် (၁၄ :၀၀ )နာရီတွင် ကျောက်တံခါး မြို့နယ် အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များ ၊ စတိုးဆိုင်များအား သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

18 May 2022

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၀.၅.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ပဲခူးခရိုင်၊ ဒိုက်ဦးမြို့ မြို့မဈေးရှိ ဆီလုပ်ငန်းရှင်များနှင့် ဆီရောင်းချသူများအား ဈေးကွက်အတွင်းသို့ စားသုံးဆီများ ဖြန့်ဖြူးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသည့် လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အသိပေး၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

Pages