Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Feb 2022

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၂.၂.၂၀၂၂ ရက်နေ့ နေ့လည်(၁၃:၃၀) နာရီအချိန်တွင် ဗိုလ်ချုပ်ဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

25 Feb 2022

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဌာနခွဲတာဝန်ခံတို့သည် ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်တို့အနေဖြင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပြဌာန်းချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရေးအတွက် ရည်ရွယ်၍ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်မြို့နယ်အတွင်းရှိ တည်းခိုရိပ်သာ ဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

25 Feb 2022

            စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကော့ကရိတ်မြို့နယ် တာဝန်ခံ ဦးမောင်မောင်အေး ၊ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေး တို့နှင့်အတူ( ၂၀--၂၀၂၂) ရက်နေ့ ၁၃:၃၀ နာရီမှ ၁၅:၀၀ အချိန်တွင် ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရွှေပျံလွှားမုန့်မျိုးစုံလုပ်ငန်း၊ ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘုံကျောင်းလမ်း ရှိ မိုးကြယ်စင်သောက်ရေသန့်လုပ်ငန်း၊ ကော့ကရိတ်

25 Feb 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဦးဆောင်သည့် ဝန်ထမ်းများသည် (၁၈.၂.၂၀၂၂)ရက်နေ့တွင် မန္တလေးခရိုင်အတွင်းရှိ ဝါစေ့ဆီစက်၊ ဝါဂွမ်းစက်နှင့် မြေပဲဆီစက်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်ကြမ်းဝယ်ယူရရှိမှု အခြေအနေများ၊ ကုန်ချောပစ္စည်းရောင်းချနေသည့်အခြေအနေများ၊ ကြိတ်ခွဲထုတ်လုပ်နိုင်မှုနှင့် စက်စွမ်းအားအခြေအနေများ၊ လုပ်သားအင်အားစာရင်းနှင့် ကုန်ကြမ်း/ကုန်ချောဈေးနှုန်းစာရင်း များကောက်ယူခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အည

25 Feb 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းသည် (၁၀-၂-၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် Vegetable Oil နှင့် Cooking Oil များ တပ်ဆင်ရောင်းချနေသော စားသုံးဆီများနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားသော ညွှန်ကြားချက် (၁/၂၀၂၁) နှင့်ပတ်သက်၍ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများကို မိတ္ထီလာခရိုင်ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်၍ ခရိုင်ဦးစီးမှူးရုံးခန်းတွင် တွေ့ဆုံခဲ့ပါသည်။

Pages