Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 Mar 2022

        စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ပိုမိုသိရှိလေ့လာနိုင်ရန်အတွက် ၇.၃.၂၀၂၂ ရက်နေ့တွင် ဗန်းမော်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦစီးမှူး ဦးအောင်ကျော်ဦးသည် ဗန်းမော်မြို့ရှိ၊ HEAVEN သောက်ရေသန့်စက်ရုံလုပ်သား(၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။

08 Mar 2022

             စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် စားသုံးတာဝန်ခံဒေါ်နွယ်နွယ်အေးတို့သည် (၂၅.၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်၌ ပခုက္ကူမြို့ပေါ်ရှိ ကုန်အမှတ်တံဆိပ် စိစစ်ခွင့်ပြုချက်ရရှိသော ရေသန့်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

07 Mar 2022

            ၂၀၂၂ ခုနှစ်၊ မတ်လ (၃)ရက်နေ့၊ နေ့လည် (၁၃း၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်သည့် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဝါးရောင်းချသောလုပ်ငန်းရှင်များအား သတ်မှတ်အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စေရေး ပြည်နယ်ဆေးဝါးနှင့် ဆေးပစ္စည်းဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့နှင့် ဆေးဆိုင်လုပ်ငန်းရှင်များ ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းအထောက်အကူပစ္စည်းများအား ဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင်

07 Mar 2022

          ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ငပလီမြို့ပေါ်ရပ်ကွက်များ၌ ဆေးနှင့်ဆေးဝါးပစ္စည်းများ ရောင်းချသည့် လုပ်ငန်းရှင်များအား ဖိတ်ကြားကာ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးနှင့် ဆေးဝါးပစ္စည်းများ ရောင်းချနိုင်ရေးအတွက် သိပညာပေးဟောပြောခြင်းကို (၃-၃-၂၀၂၂) ရက်နေ့တွင် ငပလီမြို့အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲသို့  ရခိုင်ပြည်နယ် သံတွဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  ငပလီမြို့အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်

07 Mar 2022

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၄.၃.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့နယ်အတွင်းရှိ “ဆန်းသစ်” ကားဘော်ဒီဆေးမှုတ်လုပ်ငန်း၏ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

Pages