သတင်းနှင့် လှုပ်ရှားမှုများ
လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၈.၃.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက် စည်ပင်သာယာလမ်းရှိ ကုန်မျိုးစုံ၊ မုန့်မျိုးစုံဆိုင်များသို့ သွားရောက်၍ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (Covid-19) ရောဂါဖြစ်ပွားနေချိန် ယခုကာလတွင် ကြို့ပင်ကောက် မြို့နယ် အနေဖြင့် မြို့မစျေး(၂)ခု၊ ရပ်ကွက်(၁၀) ရပ်ကွက် ၊ ကျေးရွာများတွင် ဆေးဆိုင်ပေါင်း (၂၅) ဆိုင် ဖွင့်လှစ်ရောင်းချနေမှု အခြေအနေများအား (၄.၃.၂၀၂၂)ရက်နေ့၌ ဆေးလက်လီ/လက်ကားရောင်းချသည့် ဆေးဆိုင်များသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးလေးလွင်သည် မြို့နယ်စည်ပင်ဝန်ထမ်းများနှင့်အတူ အိမ်မဲမြို့၊ အထက်ပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်သို့ (၇.၃.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/မရှိ နယ်မြေဈေးကွက် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အမှတ်တံဆိပ်တွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ၊ မြန်မာလိုထည့်သွင်း ဖော်ပြရမည့်အချက်အလက်များ အားသိရှိစေရန် ရည်ရွယ်၍ မတ်လ(၄)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံ ဦးမြင့်အောင်မှ အမှတ်(၂)ရပ်ကွက်၊ ဘူတာရုံ ရုံးခန်း တွင် (၃.၃.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပဲလှော်လုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။