Main menu

လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင် /ဆေးခန်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

Powered by Drupal

            ၂၀၂၂ ခုနှစ်၊ မတ်လ (၃)ရက်နေ့၊ နေ့လည် (၁၃း၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်သည့် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဝါးရောင်းချသောလုပ်ငန်းရှင်များအား သတ်မှတ်အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စေရေး ပြည်နယ်ဆေးဝါးနှင့် ဆေးပစ္စည်းဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့နှင့် ဆေးဆိုင်လုပ်ငန်းရှင်များ ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းအထောက်အကူပစ္စည်းများအား ဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင် စစ်ဆေးကြပ်မတ်ရေးဥက္ကဌ ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ဆေးဆိုင် / ဆေးခန်းများမှ ဆေးဝါးဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်များ (၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။         

             ဆွေးနွေးပွဲတွင် ပြည်နယ်ဆေးဝါးနှင့် ဆေးပစ္စည်းဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ ဥက္ကဌ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဆေးဆိုင်များတွင်ပြတ်လပ်နေသော ဆေးဝါးများအား တင်ပြပေးစေလိုကြောင်း၊ ဆေးဝါးများသယ်ယူမည်ဆိုပါက သယ်ယူမည့်နေ့ရက်၊ သယ်ယူမည့်ယာဉ်အမျိုး အစား၊ယာဉ်အမှတ် ၊ ဆေးဝါးအမျိုးအစားများအား အစိုးရအဖွဲ့သို့ ခွင့်ပြုချက် ရယူရမည်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စစ်ဆေးကြပ်မတ်ရေးအဖွဲ့ အတွင်းရေးမှူး (ကိုယ်စား) ပြည်နယ်စားသုံးသူ ရေးရာဦးစီးဌာန ဒေါ်မြို့ရီ (ဦးစီးအရာရှိ)က ဆေးဆိုင်များအနေဖြင့် ကိုဗစ် ၁၉ ကာကွယ်၊ကုသရေးဆိုင်ရာအသုံးပြုသည့် ဆေးဝါး (၁၅) မျိုးအပြင် အခြားလူသုံးများသည့် ဆေးဝါးများ၏ လိုအပ်ချက်များကို တင်ပြပေးစေလိုကြောင်း၊ ဆေးဝါးများ သယ်ယူရာတွင် ကြုံတွေ့ ရမည့်အခက်အခဲများရှိပါက မိမိတို့အဖွဲ့ အနေဖြင့် အစိုးရအဖွဲ့သို့တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ၊ ပြောကြားခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များမှ ဆေးဝါးများမှာယူရာတွင်လည်း အခက်အခဲများရှိကြောင်း၊ ဆေးသယ်ယူရာတွင် ရန်ကုန်မှ လွိုင်ကော် တိုက်ရိုက်သယ်ယူမရသဖြင့် ရန်ကုန်မှ တောင်ကြီး/ တောင်ကြီးမှ  တဆင့် လွိုင်ကော်သို့ သယ်ယူရ၍ အခက်အခဲများရှိနေပါကြောင်း၊ ဆေးဆိုင်အချို့တွင် ချောင်းဆိုးပျောက်ဆေး ( Wood) အမှတ်တံဆိပ် ၊ အကိုက်ခဲပျောက်ဆေး (Biogesic)များ ပြတ်လပ်နေပါကြောင်း၊ ဆေးဆိုင်များ၏ ကြုံတွေ့ရသည့် အခက်အခဲများကို ကူညီပေးစေလိုပါကြောင်းဆွေးနွေးတင်ပြကြရာ တာဝန်ရှိပုဂ္ဂိုလ်များကလည်း ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)