Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Mar 2025

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂၁.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါ သည်။

28 Mar 2025

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည် (၂၂.၃.၂၀၂၅)ရက်နေ့ နေ့လယ် (၀၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် MSME လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ပါသည်။

28 Mar 2025

          ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျောင်းကုန်းမြို့နယ်တာဝန်ခံရုံးတွင် မြို့ပေါ်ရှိ စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်များအားတွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

28 Mar 2025

            ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၁.၃.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကားရောင်းချသောဆိုင်များသို့ သွားရောက်၍ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ရောင်းချမှုရှိ/ မရှိ၊ စားအုန်းဆီများအားရောနှော၍ ရောင်းချမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

28 Mar 2025

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄.၃.၂၅) ရက်နေ့၊ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ငပုတောမြို့နယ် ငါးရန့်ချောင်းကျေးရွာသို့ သွားရောက်၍ ကျေးရွာရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Pages