Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Mar 2025

          ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နားစခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စား လှယ်တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင် လင်း (ကိုယ်စားလှယ်) မှထုတ်ယူခဲ့သော စားအုန်းဆီ(၇၀)ပေပါမှ (၁၀)ပေပါအား ယာဉ် အမှတ် 9J/6351 ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၁၉.၃.၂၀၂၅) ရက်နေ့ တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှ

26 Mar 2025

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂၄.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၉း၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သရက်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် တရားမဝင်တင်သွင်းလာသော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ

26 Mar 2025

စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးသို့ ၂၅.၃.၂၀၂၅ ရက်နေ့၊ နေ့လည် ၁၃:၃၀ နာရီအချိန်တွင် မြင်းခြံမြို့ရှိ ရွှေကောင်း အာလူးကြော်လုပ်ငန်းမှ မိမိတို့ထုတ်လုပ်သော ကုန်စည်တွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ခရိုင်ဦးစီးမှူးနှင့် လာရောက် တွေ့ဆုံခဲ့ပါသည်။

26 Mar 2025

စားသုံးသူရေးရာဦးစီးဌာ၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံခရိုင်အတွင်းရှိ ကုန်စည် ထုတ်လုပ်သော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်ပတ်သက်၍ စိစစ်ကူညီဆောင်ရွက်ပေးလျက်ရှိရာ (၂၄.၃.၂၀၂၅)ရက်နေ့တွင် မြင်းခြံမြို့ရှိ                           ဖြိုးလင်း လ္ဘက်နှင့်ပဲကြော်လုပ်ငန်းမှ ခရိုင်ဦးစီးမှူးရုံးသို့လာရောက်၍ ကုန်စည်နှင့်ပတ်သက်သော ဖော်ပြပါဝင်ရမည့် အချက်အလက်များအား စိစစ်ပေးနိုင်ရေးတာဝန်ရှိသူများနှင့်လာရောက် တွေ့ဆုံ ခဲ့ပါသည်။

26 Mar 2025

          မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများသို့ ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီး ဌာနတို့ ပူးပေါင်း၍ပုဂ္ဂလိက ဆေးရုံများသက်မှတ်ချက်နှင့်ကိုက်ညီမှုရှိ/မရှိမြေပြင် ကွင်းဆင်းစစ်ဆေး ခြင်းကို မတ်လ (၂၄)ရက်နေ့၊ နံနက်(၀၉၃၀)နာရီတွင်ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။

Pages