သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၅ -ခုနှစ် မတ်လ (၂၃) ရက်နေ့၊ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါရှိစေရေးနှင့် စက်မှုလုပ်ငန်းသုံး စားသုံးဆီများ အမှန်တကယ်အသုံးပြုစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီး မှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ MSME လုပ်ငန်းရှင်များ တွေ့ဆ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာရှိ ရွှေဘိုခရိုင်ဦးစီးမှူး၏ တိုက်ခန်း၌ (၂၀.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ (၃/၂၀၂၅) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၀)ဦး တက်ရောက်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပပြုလုပ်သော (၃/၂၀၂၅) ကြိမ်မြောက် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ရုံးများရှိဝန်ထမ်းများမှ online virtual ဖြင့်တက်ရောက်ခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဈေးလမ်း ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်ဦးခင်နိုင်(၂၂.၃.၂၀၂၅ )ရက်နေ့၊ နံနက်( ၁၀:၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးမောင်မောင်အေးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည် အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏ အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ ထုတ်လုပ်ရက်စွဲ ၊ သက်တ

စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များ တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကိုးသောင်းဈေးအတွင်းရှိ ဟင်းလျာမ
