Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Apr 2021

     စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်း အချက် အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူ ဆက်သွယ် တိုင်ကြားနိုင်ရန်နှင့် လုပ်ငန်းရှင်များက ၎င်းတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် လိုက်နာ ဆောင်ရွက်ရမည့် သတင်းအချက်အလက်များကို ဌာနသို့ အလွယ်တကူ ဆက်သွယ်စုံစမ်းနိုင်ရန် ရည်ရွယ်၍ Consumer Call Center အား ၂၀၂၁ ခ

05 Apr 2021

          မြန်မာလူမျိုးတို့၏ နေ့စဉ်ချက်ပြုတ်စားသောက်မှုအလေ့အထတွင် စားသုံးဆီသည် အဓိကအခန်း ကဏ္ဍမှ မပါမဖြစ် ပါဝင်နေသည်ကို တွေ့ရှိရပေမည်။ ရှေ့မြန်မာများလက်ထက်ကပင် “ဆီရွဲဖွဲ‌ တောင် ဟင်းဖြစ်” ဟု တင်စားရလောက်အောင် စားသုံးဆီကို နှစ်ခြိုက်စွာစားသုံးခဲ့ကြသည်မှာ ယခုကာလအထိ ပင် ဖြစ်ပေရာ ခေတ်စနစ်များ ပြောင်းလဲလာပြီး လူဦးရေတိုးတက်လာသည်နှင့်အမျှ ဆီကိုရေလို မချိုးနိုင် တော့ဘဲ ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းလာခဲ့ကြရပြီ ဖြစ်ပါသည်။

05 Apr 2021

မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်မှုမှာ တန်ချိန် (5) သိန်းခန့်သာ ရှိပြီး ပြည်တွင်းစားသုံးဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် (12) သိန်းခန့် ရှိသဖြင့် ပြည်တွင်းသုံးစွဲမှုအား လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးသည့်အတွက် လိုအပ်ချက်အရ ပြည်ပမှ နှစ်စဉ် ပဲပုတ်ဆီ၊ နေကြာဆီ၊ စားအုန်းဆီ အစရှိသည့် ဆီများအား တင်သွင်းလျက်ရှိရာ စားအုန်းဆီသည် ပမာဏအများဆုံးဖြစ်ပြီး တန်ချိန်(7)သိန်းခန့်ရှိပါသည်။

31 Mar 2021

နှစ်စဉ် မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ထားပြီး အထိမ်းအမှတ် ဆောင်ပုဒ်တစ်ခု ထုတ်ပြန်၍ ကမ္ဘာလုံးဆိုင်ရာ စားသုံးသူလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူအခွင့်အရေးများပြည့်ဝစေဖို့ စားသုံးသူများ၏ လိုအပ်ချက်အသံများကို သက်ဆိုင်ရာ ကဏ္ဍအသီးသီးနှင့် အစိုးရအဖွဲ့အစည်းများက သိမြင်ပြီး အလေးဂရုပြု ဆောင်ရွက်ပေးနိုင်စေဖို့ ရည်ရွယ်ပါတယ်။ ၂၀၂၀ပြည့်နှစ်တုန်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ဆောင်ပုဒ်မှာတော့ “Sustainable Consumer” “စားသ

Pages