သတင်းနှင့် လှုပ်ရှားမှုများ
၂၁.၁.၂၀၂၀ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/6.jpg?itok=RHL3HSUl)
၂၃.၁.၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ မုန့်ထုတ်လုပ်သူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပေးဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့၌ အတည်ပြုပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ၂၀၂၀ ခုနှစ်၊ မတ်လ(၁၆) ရက်နေ့မှစ၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်တော့မည်ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်း
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/magwe.jpg?itok=sIYoE6sW)
၂၀.၁.၂၀၂၀ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှဒုခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပဲခူးမြို့နယ် တောင်ပို့တရာကျေးရွာ အမက လွန်ကျောင်းနှင့် ဘူးလယ်အင်းကျေးရွာ အမက လွန်ကျောင်းသို့ သွားရောက်၍ ဆရာ/မ (၁၇) ဉီး၊ ကျောင်းသား/သူ (၃၅၈) ဦး၊ ကျောင်းသားမိဘ (၁၁၅) ဦးကိုစားသုံးသူကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/83260939_846474592459536_3473528790318055424_n.jpg?itok=S13mIFXr)
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ နောင်တောင်းပရဟိတ တပ်ဦးကျောင်းနှင့် ကျောက်တန်းရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် “ နောင်တောင်းပရဟိတ တပ်ဦးကျောင်း” မှ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများ စုစုပေါင်းအင
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/83170300_871553456609750_5612659706179878912_n.jpg?itok=0KICXCgv)
၂၀၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၁) ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် မြိတ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မြိတ်မြို့၊ ကျွန်းစု မြို့နယ်၊ ပထက်ကမ်း အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်စျေးတန်း ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/20200121_094821.jpg?itok=pn_DpocJ)